Tuesday, April 28, 2009

အရှုံး၊ အနိုင်

ကျွန်မက ရှုံးမှာ သိပ်ကြောက်တာ။ ဂိမ်းကစားရင်တောင် ရှုံးမယ့် ပုံပေါက်လာရင် အဲ့ပွဲကို ရပ်ပြီး အသစ်ပြန်ကစားတာမျိုး။ အမြဲတမ်း အနိုင်လိုချင်တယ်။


ကျွန်မကိုအရမ်းချစ်တဲ့ သူငယ်ချင်းတယောက် ရှိတယ်။ အချိန်တော်တော်များများ ကျွန်မတို့ ၂ယောက်အတူရှိခဲ့တယ်ပေါ့။


ဘယ်အချိန်သတိရလဲတဲ့။ ကျွန်မ သူငယ်ချင်းကမေးတယ်။ ဘယ်အချိန်သတိမရလဲ မေးတာမှ ပိုအဆင်ပြေမယ်။ ကျွန်မ အချိန်တိုင်းသူ့ကို သတိရတာပါ။ ငါ့ကိုမချစ်ဖူးမလားလဲ မေးတတ်တယ်။ ကျွန်မက ချစ်တာပေါ့ နင်က ငါ့အချစ်ဆုံး သူငယ်ချင်း။ ငါ့မှာ နင်ကလွဲရင် ဘယ်သူ့သွားချစ်ရမှာတုန်း လို့ ဖြေတတ်တယ်။


ကျွန်မ သတိရလားမေးရင်တော့ သူ့ရယ်သံငွေ့ငွေ့ကို အမြဲကြားရတယ်။ ကျွန်မရှေ့မှာရယ်နေတာ။ နင်ဘာရယ်တာလဲ မေးတော့။ ဘာမှမရယ်ဖူးလို့ အမြဲဗြောင်ညာတယ်။ သူကျွန်မကို သတိရလို့ရယ် တခါမှ မပြောခဲ့ဖူး။


ဒါမယ့် သူကျွန်မကို အရမ်းတန်ဖိုးထားမှန်းသိတယ်။ ကျွန်မကလည်း သူ့စိတ်တိုင်းကျနေခဲ့တယ်။ သူက နင်ကော်ဖီသိပ်မသောက်ပါနဲ့လား နင်နဲ့တည့်တာလဲမဟုတ်ဖူး အပြောကြောင့် ကျွန်မ သိပ်ကြိုက်တဲ့ ကော်ဖီတောင် လုံးဝမသောက်တော့တာမျိုး။ အသေးအဖွဲက အစ သူ့စိတ်နဲ့တွေ့အောင်နေခဲ့တာ။


ကျွန်မတို့ ကြားမှာ ပြသနာဆိုလို့ ၂ခုပဲရှိတယ်။ နားလည်မှုမရှိတာ၊ အနိုင်ပဲလိုချင်တာ။ သူကျွန်မကို နားလည်မပေးဖူး။ ကျွန်မနည်းနည်းလေး မှားကြည့်လိုက်၊ သူ့ အရွဲ့တိုက်စကားတွေကို ကြားရပါလိမ့်မယ်။ နောက်ပြီး ကျွန်မကို ချစ်တယ်၊ သတိရတယ် ပြောဖို့တောင် သူ့မှာ ဝန်လေးနေတာ။ သူမရှုံးချင်တာမှန်း သိပါတယ်။ ဒါပေမယ့် ကျွန်မလည်း လူပဲလေ။ တခါတလေလည်း ငါနင့်ကို အရမ်းသတိရနေတာ လောက်တော့ သူ့ဆီက ကြားချင်တာပေါ့။


ဘယ်လောက်ပဲ ချစ်ချစ် ကျွန်မလည်း မရှုံးချင်ပါဖူး။ ကြာတော့ ကျွန်မ ညာတတ်လာတယ်။ သူသတိရရဲ့လား မေးရင် .. သတိရရအောင် နင်နဲ့ငါက မတွေ့ရတာကြ လို့ ကန့်လန့်တိုက်ဖြေတတ်လာတယ်။ ချစ်လားမေးရင်လည်း .. ချစ်တာပေါ့ ငါက မောင်နှမ မရှိတော့ သူငယ်ချင်းတွေပဲ ချစ်တတ်တာ နင်သိရက်နဲ့လို့ ဖြေတတ်လာတယ်။


သူမကြိုက်မှန်းသိရက် ကျွန်မ တခြားသူငယ်ချင်းတွေနဲ့ လျှောက်သွားတတ်လာတယ်။ မကြိုက်ဖူးဆိုတာတွေပဲ လုပ်လုပ်မိတယ်။ နောက်ပိုင်းကျ ညာတာမဟုတ်တော့ပဲ တကယ်ကို သူ့မေ့နေခဲ့မိတာမျိုး။ အချိန်တော်တော်များများ တခြားသူငယ်ချင်းတွေနဲ့ ရှိနေပြီး သူဆိုတာ ဘယ်အချိန်ဘာလုပ်နေမယ် လုံးဝမသိတော့တာပါ။


နောက်ဆုံးတော့ ဘာဖြစ်လဲလား။


နောက်ဆုံးကျ အရမ်းချစ်ပါတယ်ဆိုတဲ့ သူနဲ့ကျွန်မ သိရုံသိတဲ့ အသိမိတ်ဆွေတွေ အဆင့်လောက်ပဲ ကျန်ခဲ့တယ်။ တယောက်အကြောင်း တယောက်တောင် သူများပြောပြမှ သိရတာမျိုးတွေအထိ။ ပြီးခဲ့တဲ့ ၂နှစ်က ကျွန်မတို့ ၂ယောက်ကို တွဲပြီး သိတဲ့ အသိတွေဆို ဘယ်လိုမှ ဒီ၂ယောက် ကွဲမှာမဟုတ်ဖူး၊ အရမ်းချစ်တဲ့သူငယ်ချင်းတွေလို့ပဲ မြင်ထားတဲ့ သူတွေဆို ရယ်ချင်ကြမယ်။


ထားပါလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မရော သူရောက ရှုံးမှာ သိပ်ကြောက်ခဲ့ကြတာဆိုတော့။ ကျွန်မတို့ ၂ယောက်လုံး နိုင်ခဲ့ပါတယ်။

Monday, April 27, 2009

part of me

ကျွန်မက ခဏခဏ လမ်းပျောက်တယ်။ ကိုယ်ရွေးထားတဲ့လမ်းမှာ လျှောက်နေရင်းနဲ့မှ ကျွန်မမှားပါပြီဆိုပြီး ပြန်လှည့်ချင်တာမျိုးတွေ ခဏခဏဖြစ်။ တခါတလေ ကိုယ်ကြိုက်လို့ မရမက ဝယ်ထားတဲ့အရာတွေကိုလည်း သိပ်မကြာခင် မလိုချင်တော့တာမျိုး။

မေမေကဆို ကျွန်မက ဖြုန်းတီးသူတဲ့။ သူငယ်ချင်းကပြောတော့ ကျွန်မက ယောကျာ်းယူရင်တောင် မကြိုက်တော့ဖူးဆိုပြီး ပြန်လဲမှာတဲ့။ တယောက်က ပြောတော့ ကျွန်မက ညဏ်နည်းလေး တဲ့။ ကျွန်မကိုယ် ကျွန်မထင်တာတော့ ကျွန်မက အပြာင်းလဲနည်းနည်းမြန်တယ်။ နောက်ပြီး အမှတ်မရှိဖူး။

ကျွန်မရဲ့အဆိုးဆုံးအားနည်းချက်လို့တောင် ပြောလို့ရပါတယ်။ ကျွန်မက တကယ်အမှတ်မရှိဖူး။ လုပ်မယ်တွေးထားတာတွေလည်း မေ့မေ့နေတတ်တယ်။ တယောက်ယောက်နဲ့ အရမ်းစိတ်ဆိုး စိတ်ထိခိုက်ထားရင်တောင် ကျွန်မကပဲ မေ့နေတတ်တာမျိုး။

ခုလည်း ကျွန်မ အချိန်ဖြုန်းနေပြန်ပြီ။ ဒီ summer မှာ ယူထားတာဖြင့် ၂ဘာသာလေး။ ခုတဘာသာ Drop မလို့။ ဘာရယ် မဟုတ်ဖူး။ ကျွန်မ ဆက်မလုပ်နိုင်ဖူး ထင်မိတယ်။ ၂ဘာသာပေတေပြီး ဆက်ယူပြီးမှ C ကိုက်ကုန်ရင် သေပြီ။ တဘာသာ ဖြုတ်ခဲ့မှာ ကောင်းတော့ မကောင်းဖူးပေါ့။ ဒါမယ့် ကျွန်မပင်ပန်းနေပြီ။

မိုးရွာနေလို့

မိုးတွေသည်းနေတဲ့ တညနေမှာ ကျွန်မသူ.ကိုစတွေ.ခဲ့တာပါ။ Clementi Mrt နားက bus stop မှာထိုင်ပြီး ငိုင်နေတဲ့ သူ.ကိုတွေ.ခဲ့တယ်။ ကျွန်မသူ.နားမှာ ထိုင်လိုက်မှ သေချာသိလိုက်တယ် .. သူငိုင်နေတာ မဟုတ်ဖူး .. ငိုနေတာပါ။ ဘုရားရေ .. သူဘာတွေကို ဝမ်းနည်းနေပါလိမ့်။ ယောကျာင်္းလေး တယောက် ငိုနေတာ ဒီတခါပဲ ကျွန်မ တွေ.ဖူးသေးတယ်။

ကျွန်မ ဘာလုပ်ပေးရမလဲ တွေးနေတုန်း “ဖုန်းတခါလောက်ဆက်လို.ရမလား ခင်ဗျာ” လို.အမေးခံလိုက်ရတယ်။ သူက မြန်မာပါလား။ ကျွန်မလည်း “ရပါတယ် .. ဆက်ပါ” ဆိုပြီး ကျွန်မ ဖုန်းပေးလိုက်ပါတယ်။ သူ ခဏ တိတ်နေတယ်။ ပြီး တော့ ဖုန်းပြန်ပေးတယ်။

“ဖုန်းဆက်မယ်ဆို” လို. ကျွန်မမေးတော့ .. “ဆက်ပြီးပါပြီ .. ကျေးဇူးပါ” တဲ့။ သူ စကားလဲ မပြောပဲ ဘယ်သူ.ဆီ ဆက်တာပါလိမ့်။ သူ.ကို .. ဘာကူညီပေးရ မလဲဟင် .. ဘာဖြစ်လို.လဲ မေးတော့ သူမျက်ရည်ကျပြန်ရော။ ဘာလုပ်ရမလဲ တောင်မသိဖူး .. ။ နောက်တော့ ၁၀၆ လာတော့ ကျွန်မလဲ ထွက်လာလိုက်တယ်။

ကံက ဆန်းကြယ်တယ်လို.ပဲ ပြောရမှာပဲ။ သူ.နဲ. ကျွန်မ မွေးနေ.ပွဲတခုမှာ ပြန်ဆုံတယ်။ ကျွန်မတို. ရင်းနှီး သွားကြတယ်။ သူက ဘွဲ့ရပြီးလို့ DBS မှာအလုပ်လုပ်နေတယ်တဲ့။

သူနဲ. ခင်ပြီး သူ. အကြောင်းတွေလည်း ပိုသိလာပါတယ်။ ပထမဆုံး တွေ.တဲ့ရက်က သူငိုတာ သူ့ကောင်မလေး သူ့ကိုဖြတ်သွားလို.တဲ့။ နောက် တယောက် ကို ချစ်သွားလို. ဖြတ်တယ်တဲ့ ရှင်။ ပိုဆိုးတာက အဲ့ဒီ့ ကောင်မလေးက နောက်တယောက်နဲ. တူတူ နေတာတဲ့။

ကျွန်မက "မေ့လိုက်ပါတော့ အကိုရယ် .. မိန်းမ မရှားပါဖူးနော"့ လို. နောက်တော့ .. သူ က “ဟင့်အင်း ကိုယ် သူ ပြန်လာတာကို စောင့်မှာ .. ကိုယ်သေချာသိတယ်ကွာ .. သူကိုယ့်ဆီပြန်လာမှာပါ .. သူ.ကို လည်း ကိုယ်စောင့်နေမယ့် အကြောင်းပြောခဲ့တယ်” တဲ့ ။ ကောင်းရောရှင်။ ကျွန်မ ပတ်ဝန်းကျင်မှာ သူ.လို အချစ်ကြီး တဲ့လူ တခါမှ မတွေ.ဖူးခဲ့ပါဖူး။

ရက်ကနေ နှစ်ပြောင်းလာတော့ သူနဲ. ကျွန်မ သံယောဇဉ်တွေလည်း တိုးလာနေပါပြီ။ သူက ကျွန်မကိုပြောတယ် ပထမဆုံး စတွေ.တဲ့ နေ.က ကျွန်မ ဘာလုပ်လို. ဘာကိုင်ရမလဲ မသိဖြစ်နေတဲ့ ပုံလေးက အရမ်း ချစ်ဖို.ကောင်း တယ်တဲ့။

ဒီနေ. သူနဲ. တွေ.တော့ သူ.ပုံ အရမ်း ငိုင်နေတယ်။ ကျွန်မမေးတော့ .. သူ.စောင့်နေပါတယ်ဆိုတဲ့ သူ.ကောင်မလေး ကသူ.ဆီပြန်လာချင်တယ် လို.ပြောတယ်တဲ့။ ကျွန်မ အရမ်းအံသြသွားတယ်။ ဒီနေ.က ကျွန်မမွေးနေ.လေ။ သူငယ်ချင်းတွေဆီက ကြားထားတာတော့ သူကျွန်မကို ချစ်နေပြီဆိုတာပါ။ ခုအခြေနေတွေက ဘာတွေလဲ…။ သူပြောတော့ မနက်က တွေ.ဖြစ်တယ်တဲ့ .. မှားခဲ့ ပါတယ် လို.ပြောပြီး သူချစ်တာ အကိုတယောက်ထဲကိုပါတဲ့လေ။

ဒါပါပဲ။ ခုလည်း clementi မှာ မိုးရွာနေပါတယ်။ ကျွန်မလည်း ကျွန်မတယောက်ထဲ အခန်းထဲမှာ ငိုင်ရင်းနဲ.ပေါ့။ ။

Sunday, April 26, 2009

အချိန်မှားခြင်း

အချိန်မှားပြီးရောက်လာရင် ဘာမှမကောင်းဖူး။ နေမကောင်းနေတဲ့အချိန် ရေခဲမုန့်ဗူးကြီး လက်ဆောင်ရတာမျိုး။ သင်္ကြန်မတိုင်ခင် ပိတောက်တွေ ပွင့်နေတာမျိုး။ တယောက်အသည်းအသန် ချစ်နေချိန် ကိုယ်မမြင်မိဘဲ သူမိန်းမရသွားမှ နောင်တရနေတာမျိုး။ ပိုက်ဆံမရှိပါဖူးဆိုမှ ဒီညမန်ယူနိုင်မှာ သေချာတယ် သတင်းပေးခံရတာမျိုး။ :P

တကယ်ပါ။ အချိန်မှားပြီးရောက်လာရင် အဲ့ဒီ့ အရာက တန်ဖိုးလျော့သွားတတ်တယ်။

Saturday, April 25, 2009

စိတ်မကောင်းဖြစ်၏

တကယ်ဆို အဆင်မှပြေရဲ့လား အရမ်းစိတ်ပူနေလို့ ဖုန်းဆက်တာပါ။ စိတ်ထဲရှိတာတခြား ပြောတာတခြား ဖြစ်သွားတယ်။ အကို့ကို အဆင်ပြေရဲ့လားမေးတော့ "ပြေပါတယ် ဒီမှာနည်းနည်းပူတာကလွဲရင် အားလုံးအဆင်ပြေတယ်" လို့အပြောကို .. ကျွန်မကပဲ ဘလိုင်းကြီးသွားပြီး "အေးပါ ငါသိပါတယ် နင်ပျော်နေရောပေါ့" သွားပြောမိတယ်။

အမှန်ဆို Field trip မှာပျော်ပျော်နေခဲ့ဖို့ ပြောမလို့ဟာ။ ကျွန်မ မကောင်းဖူး။ နေမကောင်းနေတဲ့သူကို လျှောက်ပြောမိတယ်။ =(

Friday, April 24, 2009

စောင့်ရခြင်းသည် ပင်ပန်း၏ :P

ဒီနေ့ အကိုနဲ့ Online ချိန်းထားတာ။ ကျွန်မအတန်းငါးနာရီမှ ပြီးမှာမို့ သူညနေ ၆နာရီလောက်မှ onlineလာမယ်ပြောတယ်။ အတန်းပြီးတော့ ခါတိုင်းလိုပဲ ကျွန်မသူငယ်ချင်းတွေ စနောက်နေတာကိုတောင် ကျွန်မ ရုပ်တည်ကြီးနဲ့ တယောက်ထဲပြန်လာခဲ့တာ။ ဘယ်သူ့မှ ဘာမှ မပြောဘဲ။

အကိုနဲ့ ကျွန်မနဲ့လည်း ဘာကံမှန်းမသိပါဖူး။ သူနဲ့ Chat ပြီဆို သူ connection မကောင်းတာနဲ့ ကျွန်မဘက်က connection မကောင်းတာနဲ့။ ရန်ကုန်မှာထဲက ဖုန်းပြောရင်လည်းဒီတိုင်းပဲ။ သူနဲ့ဖုန်းပြောပြီဆို "ဟယ်လို .. ငါဘာမှ မကြားရဖူး .. ကြားလား .. ကြားရလားဟင်" နဲ့ပဲ ပတ်ချာလည်နေတာ။

ခုနောက်နေ့ သူခရီးထွက်မှာမို့ ဒီနေ့မှ Online မှာမတွေ့ရင် နောက်တလနီးနီးလောက် တွေ့ရမှာ မဟုတ်လို့ ( ခုထဲက လွမ်းနေတာ ) အိမ်က internet ကောင်းမှကောင်းပါ့မလားစိတ်ပူနေတာ။ ထင်တဲ့ အတိုင်းပါပဲ။ အိမ်ရောက် Laptop လေး ကောက်ဖွင့်တော့ Wireless network ထဲမှာ ဘာ network မှမတွေ့ဖူး။ တတ်သလောက် မှတ်သလောက်ပြင်တာပဲ။ ဘယ်လိုမှ ကောင်းမလာဖူး။ ကျွန်မလည်း မူးနောက်နေပြီ။ နောက်ဆုံး ၆နာရီ၁၅မိနစ်ထိ မကောင်းရော Laptop လေးပိုက် Jean တထည်ကောက်စွပ်ပြီး ကျောင်းပဲ ပြေးရတော့တယ်။

ကျောင်းရောက် ထိုင်စရာနေရာလေးလည်း ရှာပြီးရော ၆နာရီခွဲ နေပြီ။ ဒါဆို သေချာပြီအဆူတော့ ခံရပြီလို့တွေးပြီး Laptop ဖွင့်။ အဲ .. wireless network range ထဲမှာ ဘာ network မှမရှိဖူး။ သွားပြီပေါ့ ကျွန်မ computer ကဖြစ်တာ။ အိမ်က internet ကြောင့်ဟုတ်ဖူးမှန်း ခုမှသိ။ ပြာတိပြာယာနဲ့ ဟိုနှိပ်ဒီနှိပ်လုပ်ကြည့်။ နောက်ဆုံး အိမ်မှာပြင်လို့မကောင်းတဲ့ ဒီ laptop စုတ်က ၁၀ မိနစ်လောက်နေတော့ ကောင်းသွားတယ်။

Gtalk ထဲဝင်တော့ အကိုမရှိဖူး။ Online များရောက်နှင့်ပြီး ကျွန်မ မရှိလို့ပြန်သွားတာများလားလို့ Facebook ထဲဝင်ချောင်းတော့ တကယ့်ကို မလာသေးတာပါ။

ငိုတောင်ငိုချင်တယ်။ မနက် ၇နာရီလောက်ထဲကအိပ်ရာထ Bangna မှာအတန်းတက်။ ညနေကျတော့လည်း ဒီဘက် campus မှာ ၅နာရီထိ အတန်းတက်။ မနေ့ညက Game အဆော့ကောင်းပြီး ၂နာရီလောက်ပဲ အိပ်ရလို့ လူက ဒူနေတာ။ ခုည ၇ခွဲတော့မယ်။ ဘာမှလည်း မစားရသေးဖူး။ ကျွန်မတိုက်ရဲ့ မျက်နှာချင်းဆိုင်က ငါးကင်ဝယ်လာတာ။ ဒီ internet နှောက်ယှက်တာနဲ့ ထိတောင်မထိရသေး။ ဒီကြားထဲ မိုးရွာမှာလားလဲ ကြောက်ရတယ်။ ကျောင်းမှာ ကျွန်မတယောက်ထဲ ငုတ်တုတ်။

တကယ်ပါ .. မောင်နှမပေမယ့် ပိုချစ်တဲ့သူက ပိုပင်ပန်းရတယ်။ ပိုချစ်တာတောင် ဟုတ်ပါဖူး။ အကိုတွေက ညီမတွေဆို ချစ်ကို မချစ်တာ။ အဲ့ဒါကို တခါခါ ကျွန်မကပဲ သူ့ကို ဂရုမစိုက်သောသူ ဖြစ်ရသေးတယ်။

Thursday, April 23, 2009

Blog intro

ကျွန်မရဲ့ Blog လေးပါ။ ဘာမှရေးတတ်လို့ရယ် မဟုတ်ပါဖူး။ စိတ်ထဲရှိရာလေးတွေ ရေးကြည့်ဖို့ပါ။ အမှားပါခဲ့ရင်လည်း မလိမ်မိုး မလိမ်မာ ကောင်မလေး ဆိုပြီး ခွင့်လွှတ်ပေးကြပါ။ ကျွန်မရဲ့ရောက်တတ်ရာရာလေးကို လာဖတ်ပြီး ဝေဖန်ပေးကြပါနော်။