မိုးတွေသည်းနေတဲ့ တညနေမှာ ကျွန်မသူ.ကိုစတွေ.ခဲ့တာပါ။ Clementi Mrt နားက bus stop မှာထိုင်ပြီး ငိုင်နေတဲ့ သူ.ကိုတွေ.ခဲ့တယ်။ ကျွန်မသူ.နားမှာ ထိုင်လိုက်မှ သေချာသိလိုက်တယ် .. သူငိုင်နေတာ မဟုတ်ဖူး .. ငိုနေတာပါ။ ဘုရားရေ .. သူဘာတွေကို ဝမ်းနည်းနေပါလိမ့်။ ယောကျာင်္းလေး တယောက် ငိုနေတာ ဒီတခါပဲ ကျွန်မ တွေ.ဖူးသေးတယ်။
ကျွန်မ ဘာလုပ်ပေးရမလဲ တွေးနေတုန်း “ဖုန်းတခါလောက်ဆက်လို.ရမလား ခင်ဗျာ” လို.အမေးခံလိုက်ရတယ်။ သူက မြန်မာပါလား။ ကျွန်မလည်း “ရပါတယ် .. ဆက်ပါ” ဆိုပြီး ကျွန်မ ဖုန်းပေးလိုက်ပါတယ်။ သူ ခဏ တိတ်နေတယ်။ ပြီး တော့ ဖုန်းပြန်ပေးတယ်။
“ဖုန်းဆက်မယ်ဆို” လို. ကျွန်မမေးတော့ .. “ဆက်ပြီးပါပြီ .. ကျေးဇူးပါ” တဲ့။ သူ စကားလဲ မပြောပဲ ဘယ်သူ.ဆီ ဆက်တာပါလိမ့်။ သူ.ကို .. ဘာကူညီပေးရ မလဲဟင် .. ဘာဖြစ်လို.လဲ မေးတော့ သူမျက်ရည်ကျပြန်ရော။ ဘာလုပ်ရမလဲ တောင်မသိဖူး .. ။ နောက်တော့ ၁၀၆ လာတော့ ကျွန်မလဲ ထွက်လာလိုက်တယ်။
ကံက ဆန်းကြယ်တယ်လို.ပဲ ပြောရမှာပဲ။ သူ.နဲ. ကျွန်မ မွေးနေ.ပွဲတခုမှာ ပြန်ဆုံတယ်။ ကျွန်မတို. ရင်းနှီး သွားကြတယ်။ သူက ဘွဲ့ရပြီးလို့ DBS မှာအလုပ်လုပ်နေတယ်တဲ့။
သူနဲ. ခင်ပြီး သူ. အကြောင်းတွေလည်း ပိုသိလာပါတယ်။ ပထမဆုံး တွေ.တဲ့ရက်က သူငိုတာ သူ့ကောင်မလေး သူ့ကိုဖြတ်သွားလို.တဲ့။ နောက် တယောက် ကို ချစ်သွားလို. ဖြတ်တယ်တဲ့ ရှင်။ ပိုဆိုးတာက အဲ့ဒီ့ ကောင်မလေးက နောက်တယောက်နဲ. တူတူ နေတာတဲ့။
ကျွန်မက "မေ့လိုက်ပါတော့ အကိုရယ် .. မိန်းမ မရှားပါဖူးနော"့ လို. နောက်တော့ .. သူ က “ဟင့်အင်း ကိုယ် သူ ပြန်လာတာကို စောင့်မှာ .. ကိုယ်သေချာသိတယ်ကွာ .. သူကိုယ့်ဆီပြန်လာမှာပါ .. သူ.ကို လည်း ကိုယ်စောင့်နေမယ့် အကြောင်းပြောခဲ့တယ်” တဲ့ ။ ကောင်းရောရှင်။ ကျွန်မ ပတ်ဝန်းကျင်မှာ သူ.လို အချစ်ကြီး တဲ့လူ တခါမှ မတွေ.ဖူးခဲ့ပါဖူး။
ရက်ကနေ နှစ်ပြောင်းလာတော့ သူနဲ. ကျွန်မ သံယောဇဉ်တွေလည်း တိုးလာနေပါပြီ။ သူက ကျွန်မကိုပြောတယ် ပထမဆုံး စတွေ.တဲ့ နေ.က ကျွန်မ ဘာလုပ်လို. ဘာကိုင်ရမလဲ မသိဖြစ်နေတဲ့ ပုံလေးက အရမ်း ချစ်ဖို.ကောင်း တယ်တဲ့။
ဒီနေ. သူနဲ. တွေ.တော့ သူ.ပုံ အရမ်း ငိုင်နေတယ်။ ကျွန်မမေးတော့ .. သူ.စောင့်နေပါတယ်ဆိုတဲ့ သူ.ကောင်မလေး ကသူ.ဆီပြန်လာချင်တယ် လို.ပြောတယ်တဲ့။ ကျွန်မ အရမ်းအံသြသွားတယ်။ ဒီနေ.က ကျွန်မမွေးနေ.လေ။ သူငယ်ချင်းတွေဆီက ကြားထားတာတော့ သူကျွန်မကို ချစ်နေပြီဆိုတာပါ။ ခုအခြေနေတွေက ဘာတွေလဲ…။ သူပြောတော့ မနက်က တွေ.ဖြစ်တယ်တဲ့ .. မှားခဲ့ ပါတယ် လို.ပြောပြီး သူချစ်တာ အကိုတယောက်ထဲကိုပါတဲ့လေ။
ဒါပါပဲ။ ခုလည်း clementi မှာ မိုးရွာနေပါတယ်။ ကျွန်မလည်း ကျွန်မတယောက်ထဲ အခန်းထဲမှာ ငိုင်ရင်းနဲ.ပေါ့။ ။
Monday, April 27, 2009
Subscribe to:
Post Comments (Atom)

This comment has been removed by the author.
ReplyDeleteအာ အဲဒါတကယ်လား ငါလည်းဘာပြောရမလဲတော့မသိဖူးဟာ... တော်တော်ဆိုးတဲ့လူပဲ ... အေးပေါ့လေ ... သူများသာပြောချင်တာ အဲဒီနေရာမှာ ငါဖြစ်နေပီး ကိုယ်ကိုယ်တိုင်ဆိုရင်လည်း အဲလိုမလုပ်ဖူးလို့ဘယ်သူသိနိုင်မှာလဲ... :|
ReplyDeleteမိန်းခလေးတွေလည်းအရမ်းခက်တယ် ... ငါအဲလိုကောင်မလေးမျိုး အမုန်းဆုံးပဲ... အဲလိုကောင်မလေးမျိုးမချစ်မိပါစေနဲ့လို့ပဲ ဆုတောင်းတယ်... ဘုရားတရားမလို့ အခုထိတော့မုကုံဖူးသေးပါဖူးဟာ... :| feel sorry for the girl who lived in cleminti... :S
ReplyDeleteဒါနဲ့ နင်တော်တော် အရေးကောင်းတာပဲ novel တွေရေးပါလား... ဒီအတိုင်းဆို နင်အောင်မြင်လိမ့်မယ် သိလား... :) ဒါပေမယ့်ဟာ ... ကုန်ုကမ်းရှာရမယ့် problem ကတော်တော်လန့်စရာကောင်းတယ်... :|
ReplyDeleteအမရေ ကြားရတာ စိတ်မကောင်းစရာပဲ..
ReplyDeleteအဲ။ ဒါဝတ္ထု အနေနဲ့ရေးတာပါ။ ဟီးးဟီးး.. ရှက်တောင်ရှက်တယ်။ :P
ReplyDeleteSis who's that lucky guy you mentioned in the novel???? It sounds very interesting haha!
ReplyDeletehooon .. sis naw. လူကို ရှက်အောင်လုပ်နေတယ်။ :P
ReplyDelete