Friday, April 24, 2009

စောင့်ရခြင်းသည် ပင်ပန်း၏ :P

ဒီနေ့ အကိုနဲ့ Online ချိန်းထားတာ။ ကျွန်မအတန်းငါးနာရီမှ ပြီးမှာမို့ သူညနေ ၆နာရီလောက်မှ onlineလာမယ်ပြောတယ်။ အတန်းပြီးတော့ ခါတိုင်းလိုပဲ ကျွန်မသူငယ်ချင်းတွေ စနောက်နေတာကိုတောင် ကျွန်မ ရုပ်တည်ကြီးနဲ့ တယောက်ထဲပြန်လာခဲ့တာ။ ဘယ်သူ့မှ ဘာမှ မပြောဘဲ။

အကိုနဲ့ ကျွန်မနဲ့လည်း ဘာကံမှန်းမသိပါဖူး။ သူနဲ့ Chat ပြီဆို သူ connection မကောင်းတာနဲ့ ကျွန်မဘက်က connection မကောင်းတာနဲ့။ ရန်ကုန်မှာထဲက ဖုန်းပြောရင်လည်းဒီတိုင်းပဲ။ သူနဲ့ဖုန်းပြောပြီဆို "ဟယ်လို .. ငါဘာမှ မကြားရဖူး .. ကြားလား .. ကြားရလားဟင်" နဲ့ပဲ ပတ်ချာလည်နေတာ။

ခုနောက်နေ့ သူခရီးထွက်မှာမို့ ဒီနေ့မှ Online မှာမတွေ့ရင် နောက်တလနီးနီးလောက် တွေ့ရမှာ မဟုတ်လို့ ( ခုထဲက လွမ်းနေတာ ) အိမ်က internet ကောင်းမှကောင်းပါ့မလားစိတ်ပူနေတာ။ ထင်တဲ့ အတိုင်းပါပဲ။ အိမ်ရောက် Laptop လေး ကောက်ဖွင့်တော့ Wireless network ထဲမှာ ဘာ network မှမတွေ့ဖူး။ တတ်သလောက် မှတ်သလောက်ပြင်တာပဲ။ ဘယ်လိုမှ ကောင်းမလာဖူး။ ကျွန်မလည်း မူးနောက်နေပြီ။ နောက်ဆုံး ၆နာရီ၁၅မိနစ်ထိ မကောင်းရော Laptop လေးပိုက် Jean တထည်ကောက်စွပ်ပြီး ကျောင်းပဲ ပြေးရတော့တယ်။

ကျောင်းရောက် ထိုင်စရာနေရာလေးလည်း ရှာပြီးရော ၆နာရီခွဲ နေပြီ။ ဒါဆို သေချာပြီအဆူတော့ ခံရပြီလို့တွေးပြီး Laptop ဖွင့်။ အဲ .. wireless network range ထဲမှာ ဘာ network မှမရှိဖူး။ သွားပြီပေါ့ ကျွန်မ computer ကဖြစ်တာ။ အိမ်က internet ကြောင့်ဟုတ်ဖူးမှန်း ခုမှသိ။ ပြာတိပြာယာနဲ့ ဟိုနှိပ်ဒီနှိပ်လုပ်ကြည့်။ နောက်ဆုံး အိမ်မှာပြင်လို့မကောင်းတဲ့ ဒီ laptop စုတ်က ၁၀ မိနစ်လောက်နေတော့ ကောင်းသွားတယ်။

Gtalk ထဲဝင်တော့ အကိုမရှိဖူး။ Online များရောက်နှင့်ပြီး ကျွန်မ မရှိလို့ပြန်သွားတာများလားလို့ Facebook ထဲဝင်ချောင်းတော့ တကယ့်ကို မလာသေးတာပါ။

ငိုတောင်ငိုချင်တယ်။ မနက် ၇နာရီလောက်ထဲကအိပ်ရာထ Bangna မှာအတန်းတက်။ ညနေကျတော့လည်း ဒီဘက် campus မှာ ၅နာရီထိ အတန်းတက်။ မနေ့ညက Game အဆော့ကောင်းပြီး ၂နာရီလောက်ပဲ အိပ်ရလို့ လူက ဒူနေတာ။ ခုည ၇ခွဲတော့မယ်။ ဘာမှလည်း မစားရသေးဖူး။ ကျွန်မတိုက်ရဲ့ မျက်နှာချင်းဆိုင်က ငါးကင်ဝယ်လာတာ။ ဒီ internet နှောက်ယှက်တာနဲ့ ထိတောင်မထိရသေး။ ဒီကြားထဲ မိုးရွာမှာလားလဲ ကြောက်ရတယ်။ ကျောင်းမှာ ကျွန်မတယောက်ထဲ ငုတ်တုတ်။

တကယ်ပါ .. မောင်နှမပေမယ့် ပိုချစ်တဲ့သူက ပိုပင်ပန်းရတယ်။ ပိုချစ်တာတောင် ဟုတ်ပါဖူး။ အကိုတွေက ညီမတွေဆို ချစ်ကို မချစ်တာ။ အဲ့ဒါကို တခါခါ ကျွန်မကပဲ သူ့ကို ဂရုမစိုက်သောသူ ဖြစ်ရသေးတယ်။

5 comments:

  1. ငါ့အမက သူ့အစ်ကိုကို မချစ်ဘူးမချစ်ဘူးနဲ့ သွေးကစကားပြောတယ် ကြည့်ပါလား ..ဟိဟိ

    ReplyDelete
  2. :P အိမ်က အကို ဟုတ်ဖူးဟ။ ကိုဖြိုးပိုင်လိုမျိုး ဝမ်းကွဲ အကို။

    ReplyDelete
  3. ဒါဆိုသေချာတယ် ဆယ်ဝမ်းကွဲ... ကွိကွိ :P

    ReplyDelete
  4. အယ် .. မဟုတ်တာ။ တကယ့် ရိုးရိုးအကိုပါ။ ဟင်းးး .. ဒီကောင်လေးနော်။

    ReplyDelete
  5. ကိုယ်ချင်းစာပါတယ်... တစ်ကယ်ပါ... အစ်နဲ့တော်တော်တူတယ်... hee :P

    ReplyDelete